မော်လိုက်မြို့၌ (၇၄)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ (၇၄)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ  ၆


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ နှစ်စဉ် ကျင်းပ မြဲဖြစ်သည့်  (၇၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်တစ်လုံးတောရကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များက တောင်တစ်လုံး တောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပိဏ္ဍောလထံမှ ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။


ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များက ကထိန်ညတ်သင်္ကန်း၊ ကထိန အခြံအရံ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တောင်တစ်လုံးတောရကျောင်းတိုက် ဆရာတော်ထံမှ ကထိန်နုမော ဒနာတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


အဆိုပါ (၇၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်များ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် စေတနာရှင် ပြည်သူများ၏ စုစုပေါင်း လှူဒါန်းငွေမှာ ကျပ်(၂၂၂၆၉၀၀၀)ရှိကြောင်း သိရသည်။


သတင်း - မော်လိုက်သားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)