နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပင်လုံ)တွင် အခြေခံပညာ မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပင်လုံ)တွင် အခြေခံပညာ မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲကျင်းပ



MNP - နိုဝင်ဘာ   ၁၂


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် လွိုင်လင်မြို့နယ် အားကစားနှင့်ကာယပညာစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံပညာမြန်မာ့သိုင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပင်လုံ)၌ ကျင်းပခဲ့ပါသည်။


ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)မှ  ကျောင်းအုပ်ဆရာကြီး ဦးသိန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားမှူး ဒေါ်မိုးမိုးအေးမှ အားကစားအသိပညာပေး ဟောပြောခဲ့ပါသည်။


ထို့နောက် အခမ်းအနားတွင် ကရေးတေးဒိုအားကစားနည်းသရုပ်ပြသပေးခဲ့ပြီး မြို့နယ်အားကစားမှူးမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါ အခြေခံပညာမြန်မာ့သိုင်း သင်တန်းဖွင့်လှစ်သည့်ကာလမှာ (၁၅)ရက်တာ ကာလဖြစ်ပြီး အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့များတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်သည့် သင်တန်းသား/သူ စုစုပေါင်း (၂၀၅) ဦးရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)