မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦး ဆောက် လုပ်မှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦး ဆောက် လုပ်မှုအား ကွင်းဆင်းစစ်ဆေး



MNP - နိုဝင်ဘာ  ၁၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စု၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း  ရှမ်းပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦး ဆောက်လုပ်လျက်ရှိရာ  ယနေ့မနက်ပိုင်းက  မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေး ကော်မတီမှ အဆောက်အဦးဆောက်လုပ်မှုအခြေအနေများကို  မြေပြင်အထိ  ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။


ကွင်းဆင်းမှုတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ၊ ဥက္ကဋ္ဌ   မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာစိုင်း ထွန်းလှိုင်းတို့က ပန်ကေတုကျေးရွာအုပ်စု၊ ပန်ကေတုကျေးလက်ကျန်းမာရေးဌာနဆောက်လုပ်ခြင်း (၁၉၃၁ စ/ပေ)၊ (၃)ခန်းတွဲ ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း(၁၂၆၉ စ/ပေ)၊ (၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း (၉၂၈ စ/ပေ) တစ်ထပ်ဆောင် (၃)ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူများအား လုပ်ငန်းအရည်အသွေးပြည့်မီရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီတည်ဆောက်ရေး၊ အချိန်မီပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။


အဆိုပါ  ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦး တည်ဆောက်ပြီးစီးပါက ပန်ကေတုကျေးရွာ အုပ်စုအတွင်းရှိ  ကျေးရွာ  (၁၀)ရွာ ၊ ကျေးလက်နေပြည်သူ  ၄၂၈၄ ဦး တို့အား ကျန်းမာရေးလွှမ်းခြုံမှုများ ကောင်းမွန်စွာပြုစုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာစိုင်းထွန်းလှိုင်း၏ပြောပြချက် အရသိရသည်။


သတင်း - ချော


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)