MNP - နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးမြို့မဈေးကြီး ဈေးသူ/ ဈေးသားများ၏ စုပေါင်းစတုဒီသာ အလှူတော်ပွဲအား ယနေ့၊ နံနက်ပိုင်းက ပဲခူးမြို့မဈေးကြီးအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဆိုပါစတုဒိသာမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး ပျော်ရွှင်စွာ လာရောက်သုံးဆောင်နေသည့် ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။ အဆိုပါ စုပေါင်းစတုဒီသာအလှူတော်ပွဲ၌ လူမျိုးမရွေး၊ ဘာသာမရွေး သုံးဆောင်နိုင်စေရန် ဘဲဥဟင်း၊ သီးစုံပဲဟင်းနှင့် ငါးခြောက်ကြော်တို့ဖြင့် လူဦးရေ (၅၀၀၀)ကျော်အား နံနက်(၇)နာရီမှ ညနေပိုင်းအထိ ကျွေးမွေးသွားမည်ဖြစ်ပြီး စတုဒိသာလာရောက် သုံးဆောင်သူများအား တေးဂီတဖျော်ဖြေရေးဖြင့် ဧည့်ခံလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များနှင့် ရှမ်းအိုးစည်အဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုတွတ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment