ဆွမ်ပရာဘွမ်မြို့၌ "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွမ်ပရာဘွမ်မြို့၌ "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

 


MNP - နိုဝင်ဘာ   ၃


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က ဆွမ်ပရာဘွမ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆွမ်ပရာဘွမ်မြို့နယ် လဝကဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှငြိမ်းနှင့် ဝန်ထမ်းများသည် "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ပြီး အသက် ၁၀နှစ် ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများ အိမ်ထောင်စုမူရင်း မိတ္တူ၊ မိဘမှတ်ပုံတင် မိတ္တူများ ယူဆောင်လာကာ "ပန်းခင်း" အဆင့်-၂ ဖြင့် ကိုင်ဆောင်လက်မှတ်ထုတ်ပေးမှု (မွေးရာပါနိုင်ငံသား) ကျောင်းသား ၁၇ ဦး၊ ကျောင်းသူ ၁၇ ဦး စုစုပေါင်း ၃၄ ဦးအား ထုတ်ပေးမှုလုပ်ငန်း၌ ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကျေးစာရေးများ၊ အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက ပါဝင်ပူးပေါင်း ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)