MNP ၊ နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီက စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် အထက(စဉ့်ကူး)မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အထက(စဉ့်ကူး)မှ အထက်တန်းပြဆရာမ ဒေါ်ယုဇာလွင် က အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နု က စာဖတ်ရှိန်မြင့်မားရေး အကြောင်းအရာများ ကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူ များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ အမျိုးသားရေး စိတ်ဓာတ် ရှင်သန်တက်ကြွနိုးကြားလာစေရန်နှင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲသတိရစေရန် ရည်ရွယ်၍ အမျိုးသားနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များပြသပြီး စာအုပ်/စာစောင် များဖြင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ပေးရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment