MNP - နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီအချိန်တွင် မြင်သာမြို့ ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ ဧည့်ပရိတ်သတ်များက ဆရာတော်ဘုရားများထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်းနှင့် သြဝါဒကထာနာကြားခြင်း၊ ကထိန်အနုမောဒနာတရား နာကြားခြင်း၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကထိန်သင်္ကန်း၊ ပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။
ထို့နောက် တောင်ဥက္ကလာပမြို့နယ် ရွှေမြင့်မိုရ်ဆရာတော်ထံမှ သံဃာများအားရည်စူး၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ တရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
သတင်း - ခင်ဆွေနှင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment