တန်းဆောင်မုန်းလပြည့်နေ့တွင် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး၌ ကထိန်ဆက်ကပ်လှူဒါန်းခြင်းနှင့်ဘုရားဖူးလာရောက်ကြသူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်းဆောင်မုန်းလပြည့်နေ့တွင် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး၌ ကထိန်ဆက်ကပ်လှူဒါန်းခြင်းနှင့်ဘုရားဖူးလာရောက်ကြသူများဖြင့်စည်ကား




MNP ၊ နိုဝင်ဘာ ၇

၁၃၈၄ ခုနှစ်၊ တန်းဆောင်မုန်းလပြည့်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ တစ်ဖက်ကမ်းရှိ ဦးရာဇ်တော်စေတီတော်ကြီး၌ ကထိန်ဆက်ကပ်လှူဒါန်းခြင်းနှင့်ဘုရားဖူး လာရောက်ကြသူများဖြင့်စည်ကားလျက်ရှိသည်။


ကထိန်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်းတွင်ပုဂံခေတ်မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်းဆောင်မုန်းလပြည့်နေ့အထိ၊ ရက်ပေါင်း ၃၀ ကာလအတွင်း၌သာ ကျင်းပရသော ဘာသာရေးပွဲတော်တစ်ခုဖြစ်သည်။ ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် ပုရိမဝါမှထမြောက်တာ်မူကြကုန်သော သံဃာတော်အရှင်သူမြတ်တို့ကို ရည်စူး၍ ဆက်ကပ် လှူဒါန်းပေးခြင်းဖြစ်သည်။ 


ကထိန်ပွဲတော်ကိုအကြောင်းပြု၍ ညနေပိုင်းတွင် ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များ၌ တန်းဆောင်တိုင်မီးထွန်းပွဲတော်များ၊ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းနှင့်အခြားပျော်ပွဲရွှင်ပွဲ များတို့ဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)