ကျိုက်ထိုမြို့နယ်၌ ကျောင်းအုပ်ကြီးများစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ ကျောင်းအုပ်ကြီးများစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်






MNP ၊ နိုဝင်ဘာ ၁၅

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ သက်ဆိုင်ရာလုပ်ငန်းများ၌ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်နံနက် ၉ နာရီတွင် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင် ဦးဇေယျာဦး က အဖွင့်အမှာစကားပြောကြားပြီး သထုံခရိုင် ပညာရေးမှူး ဦးခိုင်ထွန်းက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် အစီအစဉ်များကို လည်းကောင်း၊ ပြည်နယ်ပညာရေးမှူးရုံး (စီမံ) ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းမော် ကဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ (၂) ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၅၇ကျောင်းတို့မှ ကျောင်းအုပ်ကြီး ၁၅၇ ဦးတို့က စီမံဘဏ္ဍာပညာဘာသာရပ်နှင့် ဝန်ထမ်းကျင့်ဝတ်တို့ကို အပြန်အလှန်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)