ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မြေအောက်ရေဖြင့် အာဆီယံသပြေပန်း စိုက်ပျိုးရောင်းချခြင်း ဖြင့် မိသားစုနေ့စဉ် ဝင်ငွေရရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မြေအောက်ရေဖြင့် အာဆီယံသပြေပန်း စိုက်ပျိုးရောင်းချခြင်း ဖြင့် မိသားစုနေ့စဉ် ဝင်ငွေရရှိနေ

 



MNP - နိုဝင်ဘာ   ၂၇


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ကျေးလက်နေပြည်သူများက  စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန် မြေအောက်ရေဖြင့် အာဆီယံ သပြေပန်း စိုက်ပျိုးရေးလုပ်ငန်းအား အားထားစိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်သပြေပန်းများ ချိုးယူရောင်းချရသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများထံက သိရသည်။


"ကျွန်တော်တို့ ဒေသက စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် တောင်သူတွေအများစုက စိုက်ပျိုးရေးလုပ်ငန်းကို (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြတယ်။ စိုက်ပျိုးရေးလုပ်ငန်းကို တစ်ချို့ကျေးရွာတွေမှာ ဒေသခံတောင်သူတွေက မြေအောက်ရေကို အမှီပြုပြီး ဥယျာဉ်ခြံမြေများ ပြုလုပ်ပြီးတော့  ဘုရားပန်းမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခုဆိုရင် ဘုရားပန်းစိုက်ပျိုးရေးလုပ်ငန်းမှာ အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်းဟာ ကျွန်တော်တို့ တောင်သူတွေအတွက် စီးပွားရေးတွက်ခြေကိုက်တယ်ဗျ။ အာဆီယံသပြေပန်းစိုက်ပျိုးရေးလုပ်ငန်းက စိုက်ပျိုးပြီး သက်တမ်း (၂)နှစ်ရှိရင် ဈေးကွက်ဝင် ဘုရားပန်းတွေကို လှိုင်လှိုင်ချိုးယူရောင်းချလို့ရတယ်။ အာဆီယံသပြေပန်းကို နှစ်ခက်စည်း၊ သုံးခက်စည်း တစ်စီးကို လက်လီဈေးနှုန်း ငွေကျပ် ၁၅၀ ရောင်းချရပြီး ဖောက်သည် ဈေးနှုန်းက တစ်စည်းကို ငွေကျပ် ၁၀၀ နှုန်း ရောင်းချရတယ်။ တစ်ရက်ကို ဘုရားပန်းရောင်းရငွေဟာ ငွေကျပ် (၂၅၀၀၀၊ ၃၀၀၀၀) အထိ ရောင်းချရတယ်။ အာဆီယံသပြေပန်းက အခြားသော သပြေပန်းတွေ ထက် လူကြိုက်များတဲ့အတွက်ပိုပြီးတော့လဲ ရောင်းအားကောင်းတယ်။ ဒါ့ကြောင့် ဘုရားပန်းစိုက်ပျိုး ရေးလုပ်ငန်းတွင်အာဆီယံသပြေပန်းစိုက်ပျိုးရေးလုပ်ငန်းဟာ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိလို့ လုပ်ငန်းအဆင်ပြေပါတယ်" ဟု ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ အာဆီယံသပြေပန်း စိုက်ပျိုးရောင်းချသူ ကိုအေးမင်းစိုးက ပြောပြသည်။ 


ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများက မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး ကိုင်းမြေနှင့် မြေနုကျွန်းတို့တွင် ဟင်းသီ းဟင်းရွက်စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသလို ဥယျာဉ် ခြံမြေများ ပြုလုပ်၍ ကံ့ကော်၊ မေမြို့၊ ဂန္ဓမာ၊ နှင်းဆီ၊ နှင်းပန်း၊ သစ္စာပန်း၊ ရွက်လှပန်းမျိုးစုံနှင့် သပြေ ပန်းမျိုးစုံတို့ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ အဆိုပါ ဘုရားပန်းစိုက်ပျိုးရေး လုပ်ငန်းတွင် အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်းသည် အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာ၌ ပြည်သူများက အကြိုက်တွေ့ ဝယ်ယူကြသဖြင့် နေ့စဉ် မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။ 


 သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)