ရွှေတောင်မြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ(ဆင့်ပွား)သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ(ဆင့်ပွား)သင်တန်းဖွင့်လှစ်

 



MNP - နိုဝင်ဘာ   ၃


ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ရတနာ)ခန်းမ၌ ပြုလုပ်သည်။


အခမ်းအနားတွင် ပြည်ခရိုင်ပညာရေးမှူးဒေါ်စန်းစန်းဝင်းက အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ် မြို့နယ်ပညာရေးမှူးဦးကျော်ဦးက အခြေခံပညာကျောင်းများ၏ သင်ကြား/ သင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့်စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာ၊စစ်ဆေးရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည် ။


အဆိုပါ စွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၇၉ ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး ၁၇၉ ဦးတို့အား နည်းပြဆရာသုံးဦးတို့က နိုဝင်ဘာ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ရွှေတောင်အ.ထ.ကရတနာကျောင်းခန်းမတွင် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုကို မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)