ကြံခင်းမြို့နယ်လုံးဆိုင်ရာ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်လုံးဆိုင်ရာ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ ၈


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှုး၍ မြို့နယ်လုံးဆိုင်ရာ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာ သင်္ကန်းဆက်ကပ် အလှူတော်မင်္ဂလာပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ရွာသစ်ရပ်ကွက် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ကြွရောက်လာကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အလှူရှင်များက နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ပြီး၊ ဝေဠုဝန်ကျောင်းတိုက်ဆရာတော်  ဦးခေမာန္ဒဓထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းပြီး ကထိန်လျာသင်္ကန်းနှင့် အခြံအရံသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ကြံခင်းမြို့နယ်အတွင်းရှိ ဆရာတော်(၃၈)ပါးကို လှူဖွယ်ဝထ္ထူများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဝေဠုဝန်ကျောင်းတိုက် ဆရာတော်ထံသို့ ကထိန်လျာသင်္ကန်းနှင့် အခြံအရံဝထ္ထူသင်္ကန်းများ ဆပ်ကပ်လှူဒါန်းခဲ့ရာ ငွေသားတန်ဘိုးငွေ ကျပ်သိန်း(၆,၂၈၂,၇၀၀)၊ ပဒေသာပင်(၂၈)ခု တန်ဘိုးငွေ ကျပ် သိန်း (၃,၇၁၇,၃၀၀)၊ စုစုပေါင်းတန်ဘိုးငွေ ကျပ် သိန်း (၁၀,၀၀၀,၀၀၀) တန်ဘိုးအား လှူဒါန်းခဲ့ကြသည်။


ထိုနောက် ဝေဠုဝန်ကျောင်းတိုက်ဆရာတော်မှ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအကျိုး အနုမောဒနတရားတော်အား ဟောကြားပေးပြီး လှူဒါန်းမှုအစုစုအား ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားပြီးဆုံးကြောင်းနှင့် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)