သီပေါမြို့ ဘော်ကြိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့ ဘော်ကြိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်



MNP - နိုဝင်ဘာ  ၁၂


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ဘော်ကြိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကျောင်းအခြေပြုရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီက စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာမြို့နယ်ကြက်ခြေနီ အသင်းခွဲတပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို ရှေးဦးပြုစုသည့်နည်းစနစ်များဖြင့် စနစ်တကျ ပြုစုဆောင်ရွက်ပေးတတ်စေရန်စသည့် သင်တန်းဖွင့်လှစ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များက အထက်တန်းနှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးကို စာတွေ့၊လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို နိုဝင်ဘာလ(၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ(၃)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)