တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ(၈/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ(၈/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်



MNP - နိုဝင်ဘာ   ၁


တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ တိုးတက်ရေးနှင့် ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေးပေးစေလိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လောင်းလုံးမြို့နယ်အတွင်း အများပြည်သူ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ကြိုးစား၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လောင်းလုံးမြို့နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာသည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ အောင်မြင်ရန် ဝိုင်းဝန်းပြီး ညှိနှိုင်းလုပ်ကိုင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် Pho La Min RubberIndustry Co., Ltd အား အတည်ပြုလွှာပေးအပ်ခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏  ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသော ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်၊ စမ်းလှမ်းကျေးရွာ၊ ကြေးတိုင်ပြင်ကွင်း၊ ကွင်းအမှတ်(၁၇/OSS)၊ ဦးပိုင်အမှတ် (N-၁၇)တွင် San Lan Ventures Co., Ltd ၏ ရှုခင်းကြည့် ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းမြေနေရာအား မြေဧကလျော့ချခွင့်အားလည်းကောင်း၊ ဖက်စပ်နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဖြင့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ၊ ကြေးတိုင်ပြင်ကွင်း၊ ကွင်းအမှတ် (၂၇/OSS)၊ ဦးပိုင်အမှတ် (N-၁၇၊ N-၂၇) ရှိ မြေဧရိယာ (၆.၄၃)ဧကပေါ်တွင်San Lan Lodge Co., Ltd ၏ Hotel and Resort Services လုပ်ငန်းအား မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ အား လည်းကောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသော ကော့သောင်းခရိုင်၊  ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာ၊ စူငယ်ဘာလိုင်း ကြေးတိုင်ပြင်ကွင်း၊ ကွင်းအမှတ် (၂/OSS) တွင် Century Bridge Gold Co., Ltd ၏ ဟိုတယ်နှင့် အပန်းဖြေဝန်ဆောင်မှုလုပ်ငန်း တည်ဆောက်ရေးကာလ တိုးမြှင့်ရေးအားလည်းကောင်း၊ ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျေးရွာ၊ ဇာဒက်ကြီးကြေးတိုင်ပြင်ကွင်း၊ ကွင်းအမှတ် (၂၅/oss) တွင် Good Shan Brothers International Co., Ltd ၏ ဟိုတယ်နှင့် အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်း တည်ဆောက်ရေးကာလ တိုးမြှင့်ရေးအားလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


သတင်း - ကျော်ကျော်လတ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)