MNP - နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးတို့မှ အနီးကပ်ကြီးကြပ်၍ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမ များ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လာရောက်ခဲ့ကြပြီး မီးဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ဖယ်ရှားရှင်းလင်းပေးခြင်း၊ အမှိုက်သရိုက်များကို မော်တော်ယာဉ် များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်သည့် နေရာများသို့သွားရောက် စွန့်ပစ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။
သန့်ရှင်းရေးပြုလုပ်သည့် အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်းတွင် စုစုပေါင်း အင်အား (၂၂၆) ဦးဖြင့် ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ် စနေ့နေ့တိုင်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကောင်းခန့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment