မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက်မှ ဆရာတော်ကြီးများနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက်မှ ဆရာတော်ကြီးများနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူ



MNP - နိုဝင်ဘာ   ၉


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းအတွင်း၌ သီတင်းသုံးနေထိုင်တော်မှုကြကုန်သော ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာသာမိနှင့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ယောဂီများ တရားကျင့်ကြံပွားများအားထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေးအတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများမှ ယမန်နေ့ညနေ ၄ နာရီက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွမ်းဆန်စိမ်းလှူဒါန်းလောင်းလှူရာ ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ယောဂီသူတော်စင်များမှ မိမိတို့အိမ်ရှေ့အရောက် မြို့တစ်ပတ်လှည့်လည်၍ ဆွမ်းဆန်တော်အလှူခံလှည့်လည်ရာ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်တပ်၊ မြို့သစ်၊ အောင်မင်္ဂလာနှင့် ဗန္ဓုလရပ်ကွက်နေကုသိုလ်ရှင်၊ ပါရမီရှင်အလှူရှင်ပြည်သူများက နေ့ဆွမ်းနှင့် အာရုံဆွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်များလောင်းလှူခဲ့ကြောင်း သိရသည်။


သတင်း - မြင့်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)