MNP - နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ် အထက်ပြည်သူ များအား ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် အသက်(၁၈)နှစ် အထက်ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြမ်နှင့် စတုတ္ထအကြိမ်ထိုးနှံမည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ရွှေတောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုကိုမင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment