မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်း(တောင်သူ)၊ ဂဟေဆက်သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်း(တောင်သူ)၊ ဂဟေဆက်သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

 



MNP - နိုဝင်ဘာ  ၁၁


အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)နှင့် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇)အလတ်စားစက်ပြင်အလုပ်ရုံ(သထုံမြို့)တို့ ပူးပေါင်းဖွင့်လှစ်သည့် “လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်း(တောင်သူ)၊ ဂဟေဆက်သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း လူငယ်၊ လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ သက်မွေးပညာရပ်များကို လေ့ကျင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးနှင့် ကျွမ်းကျင်လုပ်သားပညာရှင်များ မွေးထုတ်ပေးနိုင်ရေးတို့အတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် သက်မွေးပညာကာလတို၊ ကာလရှည်သင်တန်းများအပြင် တောင်သူများကို အခြေခံလယ်ယာသုံးစက်ကိရိယာများ ပြင်ဆင်သည့်သင်တန်းများ၊ လုပ်ငန်းခွင်ဝင်အခြေခံကွန်ပျူတာသင်တန်းများကို ကျွမ်းကျင်တတ်မြောက်သည်အထိ သင်ကြားပို့ချပေးခြင်းဖြင့် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စက်မှုလယ်ယာလုပ်ငန်းများတွင် လုပ်ကိုင်နိုင်ရုံမျှမက ပြည်တွင်း၊ ပြည်ပစက်ရုံ၊ အလုပ်ရုံများတွင်လည်း ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ သက်မွေးပညာရေးဟာ မိမိတို့နိုင်ငံအတွက် အဓိကအရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်ဖြစ်နေတာကြောင့် သင်ရိုးညွှန်းတမ်း၊ လေ့ကျင့်သင်ကြားမှုအစီအမံနှင့် သင်ခန်းစာအစီအမံတို့ကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးရန်နှင့် ကျွမ်းကျင်မှုအရည်အသွေး စစ်ဆေးရေးကိုစဉ်ဆက်မပြတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် အသိပညာ၊ အတတ်ပညာများ ပြည့်ဝသူများဖြစ်အောင် အစဉ်ကြိုးစားကာ လုပ်ငန်းခွင်တွေမှာ ပြန်လည်အသုံးချခြင်းဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ သယ်ပိုးထမ်းဆောင်ကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။


ထို့နောက် စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းခိုင်မှ တောင်သူများ အခြေခံစက်ပြင်ပညာရပ်များ သင်ကြားပို့ချမှု အခြေအနေအားလည်းကောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်) ကျောင်းအုပ်ကြီး ဒေါက်တာရီရီမွန်မှ သက်မွေးပညာကာလတိုသင်တန်းများ ဖွင့်လှစ်ထားရှိအခြေအနေအားလည်းကောင်း ရှင်လင်းတင်ပြခဲ့ကြပြီး သင်ထောင်ကူပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကာ သင်တန်းသူ၊ သင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ လယ်ယာသုံးစက်ကိရိယာများ ပြသထားခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)