နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဇွဲကပင်အားကစားကွင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဇွဲကပင်အားကစားကွင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်





MNP ၊ နိုဝင်ဘာ ၅

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွဲကပင်အားကစားကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါဘောလုံးကွင်း၌ ကျင်းပသည်။


အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်နှင့် စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့က ဇွဲကပင်အားကစား ကွင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က ဇွဲကပင်အားကစားကွင်း အဝင်မုခ်ဦးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် စောဒန်နီရယ်က ဇွဲကပင်အားကစား ကွင်းကမ္ဗည်းမော်ကွန်းကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကောင်စီဝင်မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်ပက်ဖျန်းပေးသည်။


ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတကာအဆင့်မီ ဇွဲကပင်အားကစား ကွင်းသစ်ကြီးဖွင့်လှစ်ပေးနိုင်သည့်အတွက် နိုင်ငံတော်မှအားထားရမည့် မျိုးဆက်သစ်အားက စားသမားများ မွေးထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ အားကစားကွင်းရေရှည်တည်တံ့ပြီး အားကစားပိုမိုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်ရန် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ပေးကြစေလိုကြောင်း ပြောကြားသည်။


အခမ်းအနားတွင် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့၊ မွန်ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းယဉ်ကျေး မှုအဖွဲ့တို့က သီဆိုကပြဖျော်ဖြေကြပြီး အခြေခံပညာကျောင်းများမှ ကျောင်းသူများက Physical Fitness Dance ဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများအား ဇွဲကပင်အားကစားကွင်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။


အဆိုပါ ဇွဲကပင်အားကစားကွင်းကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်(၆)လ ဘတ်ဂျတ်တွင် (၇၇၆၆ ဒသမ ၂၂၄) ကျပ်သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှေ့ဘက်ပွဲကြည့်စင် (ပေ ၄၄၀ x ၃၅ ပေ)၊ အနောက်ဘက်ပွဲကြည့်စင် (ပေ ၄၈၀ x ပေ ၆၀)၊ တောင်ဘက်ပွဲကြည့်စင် (ပေ ၂၈၀ x ၃၅ ပေ)၊ မြောက်ဘက်ပွဲကြည့်စင် ( ပေ ၂၈၀ x ၃၅ ပေ)၊ Synthetic မီတာ ၄၀၀ ပြေးလမ်း၊ ဘောလုံးကွင်းတစ်ကွင်း၊ LEDScore Boad တစ်ခုနှင့် အခြားဆက်စပ်သော တည်ဆောက်ရေးလုပ်ငန်းများပါရှိကြောင်း သိရသည်။


ဆက်လက်၍ အဆိုပါဇွဲကပင်အားကစားကွင်း၌ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များက အမျိုးသမီးလက်ဆင့်ကမ်းပြေးပွဲနှင့် အမျိုးသားအပြေးပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများကို ငွေကျပ် ၂ သိန်းစီ ထောက်ပံ့ပေးအပ်သည်။


ယနေ့ကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ အသင်း(၇)သင်း အားကစားသမား(၁၆၈)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး နိုဝင်ဘာ ၇ ရက်အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)