ကျိုက်ထိုမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ( ၆၆/၆) များနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ( ၆၆/၆) များနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များဖြန့်ဝေ




MNP ၊ နိုဝင်ဘာ ၂

ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ ပြည်သူအများသိရှိနိုင်ရန် လက်ကမ်းစာစောင်များကို နိုဝင်ဘာ ၁ရက်နံနက်ပိုင်းတွင်ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်သွားကားလမ်းဘေးရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင်ဖြန့်ဝေပေးခဲ့သည်။


အဆိုပါလက်ကမ်းစာစောင်တွင်နိုင်ငံ သားစိစစ်ရေးကတ်များနှင့်ပတ်သက်သည့် အချက်(၇)ချက်၊ပုံစံ(၆၆/၆) အိမ်ထောင်စုလူဦးရေစာရင်း(အထစ)နှင့်ပတ်သက်၍ အချက်(၆)ချက်ကိုပြည်သူအများသိရှိနားလည်စေရန်ပြည့်စုံစွာဖေါ်ပြထားသည်။


ထိုသို့ဖြန့်ဝေရခြင်းမှာကျိုက်ထိုမြို့နယ် အတွင်း ရှိပြည်သူများ နိုင်ငံသား များ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိလိုလျှင်သော်လည်းကောင်း တိကျမှန်ကန်သောအထောက်အထား ကို အမြန်ဆုံးသိရှိနိုင်ရေးတို့အတွက် နိုင်ငံသား

စိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း( ၆၆/၆)ပုံစံများအား Software Program စနစ် ဖြင့် Database ထည့်သွင်းရိုက်ကူးခြင်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးတွင်ဆောင်ရွက်လျက်ရှိ၍ အခက်အခဲရှိသည့် ပြည်သူများအ‌နေဖြင့် သက်ဆိုင်ရာမြို့နယ် (လဝက)ရုံးများသို့ သွားရောက် ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်ဖြင့် အသိပညာပေးဖြန့်ဝေကြောင်း သိရသည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)