မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး



MNP ၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင်  ဌာနဆိုင်ရာဝန်ထမ်းများနှင့်စာပေဝါသနာရှင် ပြည်သူများအားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ဖြင့်  သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်၁၁နာရီက ရန်အောင်မြင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းရှိဆရာ/ဆရာမများအား စာအုပ်စာစောင်များကိုအခမဲ့ငှားရမ်းပေးခဲ့သည်။

ထိုသို့ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အလုပ်မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာပေဝါသနာရှင်များအား အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ဗဟုသုတတိုးပွားစေရန်၊စာဖတ်ရှိန်မြှင့်တင်စေရန်တို့အတွက်သုတ ၊ရသ၊ရုပ်ပြ၊ဝတ္တု၊မဂ္ဂဇင်းစသည့် စာအုပ်၊စာစောင်(၁၀၀)အုပ်ဖြင့်ကွင်းဆင်း(အခမဲ့)ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့်စာပေဝါသနာရှင် ပြည်သူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်၊စာစောင်များကို လက်ဝယ်အရောက် (အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)