မောင်တောမြို့တွင် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့တွင် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်








MNP ၊ နိုဝင်ဘာ  ၈

ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အ ထိမ်း အမှတ်အဖြစ် အခမ်း အနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တွင်  ကျင်းပ ပြု လုပ်ခဲ့သည်။  

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် ဇနီးဒေါ်ခင်စန္ဒာဝင်း ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များက သံဃာတော် ၊ ဆရာ တော် များအား  ပင့်ဖိတ်ကာ  ဆွမ်းဆန်စိမ်း ၊ ဆီ ၊ ဆား ၊ ဆေး စသည့်တိုကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် နှစ်ပတ် လည် နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ခရိုင်အုပ် ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက  နိုင်ငံတော်၏ ရည်မှန်းချက် များ  အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ဌာနသည် ပြည်သူကို ဗဟိုပြုသည့် ကောင်း မွန် သောအုပ်ချုပ်ရေး ယန္တရား တည်ဆောက်ရေး၌ အဓိကကျသော ဌာနတစ်ခုဖြစ်ပါကြောင်း ၊ ပြည်သူ နှင့် တိုက်ရိုက် ထိတွေ့ပြီး  ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရာတွင် ဥပဒေ ၊ နည်းဥပဒေ  ၊လုပ်ထုံး လုပ်နည်း များနှင့်အညီဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ပြည်သူကယုံကြည်အားထားသည့် အုပ်ချုပ်ရေးယန္တရားကောင်း ဖြစ်စေရန်အတွက် နိုင်ငံတော်နှင့်လူမျိုးဂုဏ်သိက္ခာတို့ကို လေးစားတန်ဖိုးထားပြီး စံနမူနာပြ ဝန်ထမ်းကောင်းများ ဖြစ် အောင် ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ပြည့်ပင်စင်ယူပြီး နိုင်ငံတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်း များအား အတုယူကြစေလိုကြောင်း၊ မိမိတို့ ဌာန၏ လက်ရှိ ဆောင် ရွက် နေ သည့်အခြေအနေများ စသည့်တို့ကို ရှင်း လင်း ပြောကြားခဲ့သည်။ 

 ထို့နောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  ၂၀၂၂ ခုနှစ်အတွင်း သင်တန်းတွင် ထူးခွန်ဆုရရှိသူများ ၊  ခရိုင် ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံး၌ တာဝန် ကျေ ပွန်စွာ ထမ်းဆောင်ခဲ့ပြီး သက်ပြည့် အငြိမ်းစား ယူ ခဲ့ကြသည့် ဝန် ထမ်း ဟောင်း များ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ဝန်ထမ်းများအထဲမှ  အလုပ်ကြိုးစားဆုံးဆု ၊ရုံး တက် အမှန်ဆုံးဆု ၊ ခွင့်အနည်းဆုံးခံစားသူဆု ၊ လုပ်သက်ခွင့်မယူသူဆု ၊ တာဝန်ထမ်းဆောင်မှု အကောင်းဆုံးဆု စသည့် ဆုများ  နှင့်  နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ဘောလုံးပြိုင်ပွဲ ၊လွန်ဆွဲပွဲ ၊ ထုတ်ဆီးထိုး ပြိုင်ပွဲ များ တွင် ဆုရရှိသောအသင်းများအား  ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ခဲ့ကြပြီး   ဝန်ထမ်းများအား ဗလာမပါ ကံစမ်းမဲဖောက်ခြင်းများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။  


သတင်း - သက်လွင်စိုး၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)