ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမြို့မဈေး တွင် အသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမြို့မဈေး တွင် အသိပေးနှိုးဆော်





MNP ၊ နိုဝင်ဘာ  ၁၁

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့တွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိဒေါ်မအေးသန်း  ၊မြို့မဈေးကော်မတီဥက္ကဌ ဦးလှကျော်သာ တို့နှင့်ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက ရသေ့တောင်မြို့အရှေ့တောင်ရပ်ကွက်ရှိ  မြို့မဈေးမီးဘေးလုံခြုံရေးအတွက်ယနေ့နံနက် ၉ နာရီအချိန်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအတွက်  မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအားအသင့်ထားရှိရေး၊လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊  အကြံပြုစစ်ဆေးခဲ့ကြပါသည် ယခုအချိန်သည်ပွင့်လင်းရာသီသို့ရောက်ရှိလာပြီ ဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြား ချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းနှင့်မီးလောင်မှုဖြစ်ပွား ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန်စသည်တို့အား အသိပေးနှိုးဆော်ကြကြောင်း သိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)