လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲကျင်းပ



MNP - နိုဝင်ဘာ   ၂


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းတွင် သင်တန်းဖွင့်ပွဲကျင်းပလျက်ရှိသည်။


အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဖွင့်ပွဲတွင် မီးသတ်ဦးစီးဌာနက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ ကာကွယ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးသတ်စွမ်းရည် ထက်မြက်စေရန်အတွက်  အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေး စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ခေတ်မီအဆင့်မြင့် မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းအသုံးပြုတတ်စေရန်၊ အဆင့်မြင့်မီးငြှိမ်းသတ်ရေး နည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြားပေးရန်၊ မီးဘေးအပါအဝင် အခြားသဘာဝဘေးများ ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်သည်။


အရန်မီးသတ်သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၁)ဗိုလ်မှူး ဦးကြည်သာဇော်မှ အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်သူ ၊ လက်ထောက်ဦးစီးမှူး ဦးအောင်စိုးနှင့် သင်တန်းနည်းပြတို့မှ လက်နက်မဲ့စစ်ရေးပြဘာသာ ရပ်၊ မီးငြိမ်းသတ်ရေးဘာသာရပ်၊ အခြေခံရှာဖွေရေး ဘာသာရပ်နှင့်ရှေးဦးပြုစုခြင်း ဘာသာရပ်များကို အရန်မီးသတ်သင်ခန်းစာများ ပို့ချလျက်ရှိသည်။


အရန်မီးသတ်ဖွင့်ပွဲသင်တန်းသို့ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကာ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀)ဦးတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခင်ဝင်းမူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)