မောက်မယ်မြို့နယ်တွင် မိုးစပါးများစတင်ရိတ်သိမ်းချိန် စက်ယန္တယားကြီးများ သုံးစွဲလုပ်ကိုင်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်တွင် မိုးစပါးများစတင်ရိတ်သိမ်းချိန် စက်ယန္တယားကြီးများ သုံးစွဲလုပ်ကိုင်လာ

 



MNP - နိုဝင်ဘာ  ၂၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ မိုးစပါးများ စတင်ရိတ်သိမ်း လာကြပြီဖြစ်ပြီး ခေတ်မီစက်ယန္တယားကြီးများ ငှားရမ်းသုံးစွဲလာကြကြောင်း သိရသည်။  


ထိုကဲ့သို့ ခေတ်မီရိတ်သိမ်းချွေလှေ့စက်ကြီးများသုံးစွဲခြင်းဖြင့် စရိတ်အကုန်အကျသက်သာပြီး ဈေးကွက်ဝင်သီးနှံများကို အချိန်မီ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ “ အစကတော့ စက်သုံးဆီဈေးကြီးလို့ တစ်ဧကကို တစ်သိန်းနှစ်သောင်းနှုန်းနဲ့ အငှားလိုက်ဖို့ပါဘဲ ဒါပေမယ့် နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်ဆိုပြီးတော့ တစ်ဧကကိုတစ်သိန်းနဲ့ဘဲလိုက်ဖြစ်ပါတယ် တစ်ရက်ကို(၁၅)ဧက ရိတ်သိမ်းနိုင်ပါတယ်ဟု” ရိတ်သိမ်းချွေလှေ့စက်ပိုင်ရှင်အငှားလိုက်သူ ဦးကေလာ ကပြောသည်။


လယ်ပိုင်ရှင် တောင်သူ ဦးလုံးစိုင်းစိန္တာက “လူငှားနဲ့ရိတ်မယ်ဆိုရင်လည်း ကောက်ရိတ်ခ၊ ကောက်လှိုင်းစည်းခ၊ ချွေခ(စပါးပုတ်ခ)တွေနဲ့ဆိုတော့ တစ်ဧကကို တစ်သိန်းကျော်ဝန်းကျင်လောက်တော့ကုန်မှာပါ အများစုကအချိန်မီပြီးတဲ့စက် တွေနဲ့ချွေကြတာများပါတယ် ပြီးတော့သီးထပ်သီးနှံကိုလည်း အချိန်မီစိုက်ပျိုးနိုင်မည် ” ဟု ပြောကြားသည်။


တောင်သူများအနေဖြင့်လည်း အချိန်မီပြီးစီးပြီး ဈေးကွက်ဝင်သီးထပ်သီးနှံများကို အချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ကာ အမြတ်အစွန်း ပိုမိုရရှိနိုင်ကြမည်ဖြစ်ကြောင်း တောင်သူများထံမှသိရသည်။


သတင်း - စိုင်းမျိုးသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)