MNP - နိုဝင်ဘာ ၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာကျိုက်တမော့လဲ့စေတီတော်ရင်ပြင်တွင် (၂၁)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်း ကထိန်သင်္ကန်းလှည့်လည်ပူဇော်ခံခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာတွင် အပူဇော်ခံလှူဒါန်းပွဲကို ကျေးရွာနေဒေသခံပြည်သူများက စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။
ကထိန်သင်္ကန်းလှည့်လည်အပူဇော်ခံရာတွင် ကျေးရွာအတွင်းရှိ ရပ်ကွက်အသီးသီးရှိပြည်သူများ ကထိန်သင်္ကန်းလျာများသယ်ဆောင်ပြီး ကျေးရွာရပ်ကွက်(၄)ရွာသို့ အိုးစည်ဗုံမောင်းများနှင့် စီတန်းလှည့်လည်အပူဇော်ခံခဲ့ကြသည်။ ဆက်လက်၍ ယမန်နေ့ညဦးပိုင်းတွင် ရက်လုပ်ထားသည့် မသိုးသင်္ကန်းများကို ကျိုက်တမော့လဲ့ ဘုရားစေတီရင်ပြင်အား တစ်ပတ်ပတ်ကာ ပူဇော်ခဲ့ကြကြောင်းနှင့် အဆိုပါကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment