ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာတွင် ပေါ်ဆန်းရင်မိုးစပါးစံပြစိုက်ကွက် ရိတ်သိမ်းရာ (၈၈.၇၂)တင်းထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာတွင် ပေါ်ဆန်းရင်မိုးစပါးစံပြစိုက်ကွက် ရိတ်သိမ်းရာ (၈၈.၇၂)တင်းထွက်ရှိ



MNP - နိုင်ဝင်ဘာ  ၁၅


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာအုပ်စု ကွင်းအမှတ်(၆၁၃) အကွက်အမှတ်(၂၀၉၉)ရှိ စိုက်ပျိုးရေးဌာနမှ စိုက်ပျိုးထားသည့် တောင်သူနည်းပညာပေး ပေါ်ဆန်းရင်မျိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ညနေ (၄)နာရီအချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများ၊ ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။


မိုးစပါးစံကွက်မှာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်စိုက်ပျိုးထားသည့် တောင်သူနည်းပညာပေး မျိုးစပါးစံပြစိုက်ကွက်ဖြစ်ကြောင်း အဆိုပါစပါးစံကွက် (၂)ကွက် (ဝ.၁၀)ကိုယ်စားပြုစိုက်ကွက်အား ရိတ်သိမ်းခဲ့ရာပေါ်ဆန်းရင် အစိုထွက်နှုန်းမှာ (၉၇.၅)တင်း၊ အခြောက်ထွက်နှုန်း (၈၈.၇၂)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)