ဘီးလင်းမြို့နယ်တွင်ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင်ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ





ဘီးလင်း  နိုဝင်ဘာ ၁၅ 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း  နှင့်မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင် ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီခွဲက အထက ကန်သာယာကျောင်း မဟော်သဓာခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ဘီးလင်းမြို့နယ်ပညာရေးမှူး ဒေါ်ညွှန်ရီကအလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ် ရသည့်ရည်ရွယ်ချက်နှင့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အထက်တန်းကျောင်းအုပ် ၁၃ ဦး ၊ အလယ်တန်း ကျောင်းအုပ် ၁၅ ဦး ၊မူလတန်းကျောင်းအုပ် ၁၇၄ ဦး၊ စုစုပေါင်း ၂၀၂ ဦးတို့အား ဘီးလင်း မြို့နယ် ပညာရေးမှူး ဒေါ်ညွန့်ရီက  (စီမံ၊ဘဏ္ဍာ၊ပညာ၊ကြီးကြပ်အကဲဖြတ်) ဘာသာရပ်များကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အချိန်ထိ၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၂) ရက်တာ ဆွေးနွေးပို့ချသင်ကြားသွား မည် ဖြစ်ကြောင်းသိရသည်။


ထူးနောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)