မအီမြို့၌ စက္ခုဒါန မျက်စိဆေးရုံတည်ဆောက်ပြီးစီးမှု ၈၀ ရာခိုင်နှုန်းခန့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ စက္ခုဒါန မျက်စိဆေးရုံတည်ဆောက်ပြီးစီးမှု ၈၀ ရာခိုင်နှုန်းခန့်ပြီးစီး





MNP ၊ နိုဝင်ဘာ    ၃၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇)ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာတွင် တည်ဆောက်လျက်ရှိသည့် စက္ခုဒါန မျက်စိဆေးရုံမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ မျက်စိဆေးရုံမှာ (RC)အုတ်ညှပ် အမျိုးအစား ၃ ထပ်အဆောက်အဦဖြစ်ပြီး အလျား ၉၇ ပေ၊ အနံ ၄၅ ပေဖြစ်သည်။ ဆေးရုံတည်ဆောက်နေမှုနှင့် ပတ်သက်၍ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီတာလွင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင်--

" ဆေးရုံဆောက်လုပ်နေမှုက အခုအခြေအနေမှာဆိုရင် အကြမ်းထည်က ၈၀ ရာခိုင်းနှုန်းခန့် ပြီးစီးနေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီ ဒုတိယအပတ်လောက်ဆိုရင် အဆောက်အဦ အကြမ်းထည်ကို အပြီးသတ် ဆောင်ရွက်နိုင်မှာပါ။ အကြမ်းကိုယ်ထည်ပြီးတာနှင့် ပြူတင်းတံခါးမှန်များတပ်ဆင်ခြင်း၊ ကြွေပြားခင်ခြင်း၊ မျက်နှာကျက်တပ်ဆင်ခြင်းနှင့် ဆေးသုတ်ခြင်း စတဲ့ အချောကိုင်(Decoration) လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီမှာ လုပ်ရတာက ဒေသအခြေအနေအရ ကြန့်ကြာမှုရှိပါတယ်။ ကျွန်မတို့ ရန်ကုန်(ပြည်မ)မှာ ဆောက်ရတာနဲ့ မတူပါဘူး။ ဘိလပ်မြေဖျော်တာ၊ RC လောင်းတာတွေကအစ လူအင်အားကို သုံးနေရတာ၊ စက်ယန္တရား အသုံးပြုခြင်းများ အားနည်းမှုရှိတာကြောင့် လုပ်ငန်းပြီးစီးမှုကို ကြန့်ကြာစေတာပါ။ " ဟု ၎င်းကပြောကြားသည်။


မအီဒေသတွင် ဖော်ပြပါ စက္ခုဒါန မျက်စိဆေးရုံ ဖွင့်လှစ်ပြီးပါက ရဟန်းသံဃာများသာမက ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ မျက်စိဝေဒနာရှင်များပါ လာရောက်ပြသနိုင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါ မျက်စိဆေးရုံကို အချောကိုင်(Decoration) လုပ်ငန်းများပြီးစီး၍ ၂၀၂၃-ခုနှစ်၊ သင်္ကြန်မတိုင်ခင်ကာလတွင် ဖွင့်ပွဲအခမ်းအနားကို ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်ပါကြောင်း တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီတာလွင်က ဆက်လက်ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)