လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေး ညောင်ဦးခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့၍ ရုံးပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရန်မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေး ညောင်ဦးခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့၍ ရုံးပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရန်မှာကြား

 


MNP - နိုဝင်ဘာ   ၁၁

  

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးသည် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်မှစတင်ကာ ညောင်ဦးခရိုင်ဦးစီးမှူးရုံးခန်း၌ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ ညောင်ဦးမြို့နယ်ဦးစီးမှူးရုံးနှင့် ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးသည် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ရုံးပိုင်းဆိုင် ရာလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ ပြည်သူများနှင့်ဆက်ဆံရာတွင် ဌာန၏ဂုဏ်ကိုမြှင့်တင်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် မိမိဌာန၏စာရင်းဇယားများ၊ တိကျမှန်ကန်ရေးကို အလေးထား ဆောင်ရွက်ကြရန်၊ နိုင်-၄ မှတ်တမ်းများ၊ Sever အတွင်း ထည့်သွင်းခြင်းနှင့် အိမ်ထောင်စု လူဦးရေပုံစံ ၆၆/၆ များ၊ Sever အတွင်း ထည့်သွင်းခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများမှတင်ပြချက်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးယဉ်ထွေးက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ဌာနဝန်ထမ်းများအား Mask နှင့် Hand Gel များပေးအပ်ခြင်းနှင့် ရွှေဖီဦးအသင့်ဖျော်လ္ဘက်ရည်ထုတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)