သံတွဲမြို့၌ (၄၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ (၄၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ




     

MNP ၊ နိုဝင်ဘာ  ၆

ရခိုင်ပြည်နယ်၊သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှုကျင်းပသည့်(၄၃)ကြိမ်မြောက်၊ ခရိုင် ၊မြို့နယ်

ဌာနပေါင်းစုံ ဝန်ထမ်းများနှင့် စေတနာရှင်အလှုရှင်များ၏ စုပေါင်း မဟာဘုံကထိန်အလှူမင်္ဂလာပွဲတော်ကို ယနေ့နံနက် ၉ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့်ဇနီး၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုရာများနှင့်ဝန်ထမ်းများတက်ရောက်ကြသည်။

ရှေးဦးစွာ မဟာဘုံကထိန်အလှူမင်္ဂလာပွဲတော်ကို ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးတော်မူကြပြီး တရော်တောတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ် တရားတော်များ နာယူကြသည်။ပြီးနောက် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်က သာသနာရေးဆိုင်ရာများကို လျောက်ထားခဲ့သည်။

၎င်းနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် ဇနီးတို့က တရော်တောတိုက်ကျောင်းဆရာတော်ထံသို့ သင်္ကန်းနှင့် လှူဘွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့် ဇနီး ဒေါ်ဝင်းမြဖြူတို့က ကထိန်လျာညှပ်သင်္ကန်းမကြီးနှင့် လှူဘွယ်ဝတ္ထုများကို တရော်တောတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တဣန္ဒာစာရထံသို့  ဆက်ကပ်လှူဒါန်း ကြသည်။ ပြီးနောက် ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုရာများနှင့်အလှူရှင်များ ဆရာတော် သံဃာတော် များအား သင်္ကန်း၊ လှူဘွယ်ဝတ္ထုများနှင့် ငွေပဒေသာပင်များကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တရော်တောတိုက်ကျောင်းဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြသသည်။၎င်းနောက် အခမ်းအနားကို ဗုဒ္ဓသရနံစိရံတိဌတု သုံးကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိတ်သတ်များအားနေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်၊သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှုကျင်းပသည့် (၄၃)ကြိမ်မြောက်၊ ခရိုင် ၊မြို့နယ်ဌာနပေါင်းစုံ ဝန်ထမ်းများနှင့်စေတနာရှင်အလှုရှင်များ၏ စုပေါင်း မဟာဘုံကထိန်အလှူမင်္ဂလာပွဲတော်တွင် သင်္ကန်းခြင်း(၃၅)ခြင်း၊ ပဒေသာပင် ၃၃ ပင်၊ ဝတ္ထုငွေနှင့် ဆွမ်းအလှူတော်စုစုပေါင်း သိန်း(၂၆၂၈၁၈၀၀)၊ (နှစ်ရာခြောက်ဆယ့်နှစ်သိန်းရှစ်သောင်း တစ်ထောင်တိတိ) အားလှူဒါန်းနိုင်ခဲ့ကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)