ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

 



MNP - နိုဝင်ဘာ  ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်က စာသုံးသူများအနေဖြင့် သတိပြုလိုက်နာရမည့် အချက်များနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် စားသုံးသူရေးရာ အသိပညာပေး အကြောင်းများကိုလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ခြင်း အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးသုံးခြင်း၏ ဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာမြတ်ပွင့်ဖြူက မြိုနယ်အတွင်းရှိ နို့စားနွား မွေးမြူရေးလုပ်ငန်းတို့နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေးလှူဒါန်းမှု အစီအစဉ်နှင့် နွားနို့သောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို လည်းကောင်း ဟောပြောခဲ့သည်။


ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမိုးဝင်းက သဘာဝဘေး အန္တရာယ်များဖြစ်သည့် မုန်တိုင်း‌ဘေး၊ ငလျင်‌ဘေးနှင့် မီးဘေးကာကွယ်ရေးစသည့် အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုစုခင်က အားကစား၏အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ လူငယ်နှင့် အားကစား ဆိုင်ရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး  အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းနှင့်  လက်တွေ့အားကစားသရုပ်ပြခြင်း၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ စာရေးကိရိယာများ လှူဒါန်းပေးအပ်ခြင်း၊ မြို့နယ်‌မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများအား နွားနို့များ လှူဒါန်းတိုက်ကျွေးခြင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နယ်လှည့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ထက်ဝေဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)