ပေါက်တောမြို့နယ်၌ မြို့နယ် အဆင့် ကျောင်းပေါင်းစုံ လူရည်ချွန်ရွေးချယ်စစ်ဆေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ မြို့နယ် အဆင့် ကျောင်းပေါင်းစုံ လူရည်ချွန်ရွေးချယ်စစ်ဆေးခြင်းများ ဆောင်ရွက်




MNP ၊  နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာပေထူးချွန်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက်  မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ မြန်မာစာစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည် ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီ က  အ.ထ.က-မြို့မကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

    

ထိုသို့ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြရာ ယနေ့တွင်ရေးဖြေစစ်ဆေးမှုကို မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းများမှ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ ဒသမတန်း ကျောင်းသား၊ကျောင်းသူ(၁၂)ဦးနှင့် ဧကာဒသမတန်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့က မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ပြီး  အဆိုပါ ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာ(၂၉)ရက်နေ့တွင် အထွေထွေ ဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအား အ.ထ.က-မြို့မကျောင်းခန်းမတွင်လည်းကောင်း၊ နိုဝင်ဘာ(၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ပေါက်တောရွှေမြေ အားကစားကွင်းကြီးတွင်လည်းကောင်း ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)