မင်းဘူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကြွေးကျန်ကောက်ခံရေးဆိုင်ရာ ညှိနှိုင်း အစည်းဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကြွေးကျန်ကောက်ခံရေးဆိုင်ရာ ညှိနှိုင်း အစည်းဝေးကျင်းပ



MNP - နိုဝင်ဘာ  ၁၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ဘဏ်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့်ကြွေးကျန်များ ကောက်ခံရေးဆိုင်ရာ ညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ အထွေထွေမန်နေဂျာ (စီမံ) ဦးအောင်ကျော်ဦးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများထုတ်ချေးခြင်း၊ ကောက်ခံခြင်းလုပ်ငန်းများကို အကျယ်တဝံ့ ရှင်းလင်းပြီး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ချေးငွေအကြံပေးအဖွဲ့များက ခရိုင်အတွင်းရှိ ကျေးရွာများအနေဖြင့် ပေးဆပ်ရန် အချိန်စေ့ရောက်ပြီဖြစ်သော ၂၀၂၀ မိုး၊ ၂၀၂၀ ဆောင်း၊ ကိုဗစ်အထူးချေးငွေ၊ ၂၀၂၁ မိုး၊ ၂၀၂၁ ဆောင်း ချေးငွေများ ကျန်ရှိနေသည့်အတွက် အချိန်စေ့ကြွေးကျန် (NPL) များ အမြန်ဆုံးကောက်ခံရရှိရေး အကြံပေးညှိနှိုင်း ဆောင်ရွက်ပေးကြရန် ဆွေးနွေး ပြောကြားသည်။


ထို့နောက် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်း၍ ဆောင်ရွက်ကြသည့် အခါတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကြွေးမြီများကို အမြန်ဆုံး ပြန်လည်ဆပ်နိုင်ကြရေး တိုက်တွန်းနှိုးဆော်သကဲ့သို့  ခရိုင်/မြို့နယ် ချေးငွေအကြံပေးအဖွဲ့များနှင့် ချေးငွေများပေးဆပ်နိုင်ရေး ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ဘဏ်တွင်း စာရင်းစစ်ဆေးရေးဌာနခွဲ ဒုတိယအထွေထွေမန်နေဂျာ ဦးသိန်းထိုက်က အချိန်စေ့ကြွေးကျန် (NPL)များ ကောက်ခံရရှိရေး ဆောင်ရွက်နေမှုများနှင့် မင်းဘူးခရိုင်မန်နေဂျာ ဦးနေလင်းက ခရိုင်/မြို့နယ် ဘဏ်ခွဲများ၏ ချေးငွေ ထုတ်ချေးရေး၊ ကောက်ခံရေးလုပ်ငန်းစဉ်များအား Power Point များဖြင့် ရှင်းလင်းတင်ပြပြီး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ချေးငွေအကြံပေး အဖွဲ့များက အကြံပြုဆွေးနွေးကြကာ အကြံပြုတင်ပြချက်များအပေါ် အထွေထွေမန်နေဂျာ(စီမံ) ဦးအောင်ကျော်ဦးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ဇေယျာထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)