မြို့သစ်မြို့နယ်အတွင်း ဆီထွက်သီးနှံ(မိုး)နေကြာစိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်အတွင်း ဆီထွက်သီးနှံ(မိုး)နေကြာစိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်း

 



MNP - နိုဝင်ဘာ   ၁၁


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း စိုက်ပျိုးထားသောဆီထွက်သီးနှံ (မိုး)နေကြာစိုက်ပျိုးထားရှိမှုအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


မြို့သစ်မြို့နယ်အတွင်း စိုက်ပျိုးထားသော ဆီထွက်သီးနှံ(မိုး)နေကြာနှင့်(ဆောင်း) နေကြာစုစုပေါင်း(၄၀၆၂)ဧက စိုက်ပျိုးထားရာနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့နယ်အတွင်း ယခုနှစ်ဆီထွက်သီးနှံ(မိုး)နေကြာကို သီးသန့်/သီးညှပ်(၄၀၁၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (ဆောင်း)နေကြာသီးနှံကို(၄၈)ဧကကျော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။


မြို့သစ်မြိူ့နယ်အတွင်း သီးနှံများစိုက်ပျိုးရာတွင်တစ်နှစ်ကို သီးနှံသုံးသီးစိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ရန်၊ စိုက်ပျိုးသောသီးနှံများအားလုံး အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးနှင့် သီးနှံအရည်အသွေးကောင်းမွန်စေရေးတို့အတွက် မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ရွေးချယ်သုံးစွဲပြီးစိုက်ပျိုးကြစေလိုကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် ဒေသတွင်းလိုအပ်သော မျိုးကောင်းမျိုးသန့်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ အစဉ်အမြဲ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးထံက သိရသည်။


သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)