ဓနုဖြူမြို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း မိသားစု၏ (၆၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှည့်လည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း မိသားစု၏ (၆၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှည့်လည်



MNP - နိုဝင်ဘာ   ၅


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမိသားစု၏ (၆၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဓနုဖြူမြို့အတွင်းလှည့်လည်ခဲ့ကြောင်း သိရသည်။


အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမိသားစု၏ စုပေါင်းဘုံကထိန်လှည့်လည်ခြင်းကို ကျောင်းအုပ်ဆရာမကြီး ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများမှ ပဒေသာပင်များ၊ ကထိန်သင်္ကန်းများကိုင်ဆောင်လျက် အတန်းလိုက်စုပေါင်း၍ မြို့တွင်းလမ်းမကြီးတစ်လျှောက် စီတန်းလှည့်လည်ခဲ့သည်။


ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ဓနုဖြူမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ စိတ္တသုခကျောင်းတိုက်သို့ ကထိန်သင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ် (၁၅၄၂၁၄၀၀)တိတိကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ထံမှ ကထိန်အလှူတရားတော်နာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)