ပုဏ္ဏားကျွန်းမြို့၌ (၂၂)ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ (၂၂)ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ





ပုဏ္ဏားကျွန်း ၊ နိုဝင်ဘာ ၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၂၂)ကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း မဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲအခမ်း အနားကို ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပင့်ဖိတ်ထားသောရဟန်းသံဃာတော်များနှင့်ဧည့်ပရိတ်သတ်တိုက နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားရှိခိုးကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။ ထိုနောက်ကွန်းတောင် မြောက်ကျောင်းဆရာတော်ကြီးထံမှ ငါးပါးသီလကို ခံယူဆောက်တည်ပြီး၊ သံဃာတော် အရှင်သူမြတ်တို့က ရွတ်ပွားသရဇ္ဇျာယ်ခဲ့ကြသော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို နာယူခဲ့ကြသည်။


 ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်(၂)တို့က ကထိန်လျာမြတ်သင်္ကန်းကို ရှင်တော်ကျောင်းတိုက်အရှင် သူမြတ်အား ဆက်ကပ်လှူဒါန်းပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်တို့ က ကထိန်အရံသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်သံဃာ့နာယကအဖွဲ့  ဥက္ကဋ္ဌ၊  သာသနဓဇဓမ္မစရိယ၊ မဟာဂန္တဝါစ ကဘွဲ့တံဆိပ်တော်ရ မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ ဆရာတော်ကြီးထံမှ ကထိန်အကျိုးတရားတော်မြတ်ကို နာယူ၍ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်းခဲ့ကြသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်စေတနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ ပင့်သံဃာတော်(၁၆)ပါးအတွက် လှူဖွယ်ဝတ္ထုပစ္စည်းများအပါအဝင် စုစုပေါင်းငွေကျပ် (၆၈၇၆၀၀ဝိ/)တိတိကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ 


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)