ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ အကြိမ်(၂၀)မြောက် မြတ်မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ အကြိမ်(၂၀)မြောက် မြတ်မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

 




MNP - နိုဝင်ဘာ   ၇


နှစ်စဉ်ရိုးရာမပျက် ပြုလုပ်ကျင်းပမြဲဖြစ်သော ကျိုက်မရောမြို့၏ ကျက်သရေဆောင် သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီး၌ အကြိမ် (၂၀) မြောက် မြတ် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို ယမန်နေ့ညနေ ၆ နာရီက ဘုရားကြီးဝင်းရှိ ရက်ကန်းစင်မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အကြိမ် (၂၀) မြောက် မသိုးသင်္ကန်းယက်ခတ်ပူဇော်ပွဲကို ဘုရားကြီးကျောင်းတိုက် ဆရာတော်ဘုရားကြီးမှ ဦးဆောင်ကာ နှစ်စဉ် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းအရ ရိုးရာမပျက် ကျင်းပလာခဲ့သည်မှာ အကြိမ် (၂၀) မြောက် ရှိခဲ့ပြီး ဖြစ်သည်။ မသိုးမြတ်သင်္ကန်း ရက်လုပ်ပူဇော်ရန် ရက်ကန်းစင် (၅) ခု တည်ဆောက်ထားပြီး မုဒုံမြို့ ရက်ကန်းစင် အဖွဲ့ ၅ ဖွဲ့မှ လာရောက် ရက်ခတ်ပူဇော်ပေးခြင်းဖြစ်ကြောင်း သိရသည်။


မသိုးသင်္ကန်း ရက်ခတ်ပူဇော်ရာတွင် ရက်ကန်းသမများကာလက်ခတ်သံ တေးသီချင်းဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရက်ခတ်ပူဇော်ထားကြပြီး ရက်လုပ်ပြီးသော မသိုးသင်္ကန်းများကို ယနေ့နံနက် ၅နာရီ၌ ဆုတောင်းပြည့်ဘုရားကြီးနှင့် အရန်စေတီများတွင် စေတနာရှင် အလှူရှင်များနှင့် ဘုရားဖူးလာသူ ပရိတ်သတ်များက ကြည်ညိုသဒ္ဓါပွားများကာ ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြကြောင်း သိရသည်။


တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန်တွင် ဘုရားစေတီများ၌ မသိုးမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းကြပြီး နောက်ဆရာတော်သံဃာတော်များအား နံနက်ဆွမ်း ဆက်ကပ်ကာ ဘုရားဖူးလာ ပြည်သူများအား မွန်ရိုးရာ အစားအစာ စတုဒီသာ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိနေကြောင်း သိရသည်။


သတင်း - ချိုမြတ်မြတ်ထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)