နမ့်ဆန်မြို့တွင်‌ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့တွင်‌ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ ပြုလုပ်



MNP -  နိုဝင်ဘာ  ၁၅


ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာ လုပ်အားရှင်များ ဦးဆောင်ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၄)ဆင်းပွဲကို အမေ့အိမ်ကိုယ်ပိုင်ကျောင်း အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေပိုင်း (၃)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါသင်တန်းဆင်းပွဲတွင်  အမေ့အိမ်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇော်ဦးက ကျောင်းသား၊ကျောင်းသူများအား ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းကို လာရောက်ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးဦးခင်မောင်က သင်တန်းတွင် ရှေးဦးပြုစုခြင်းဆိုင်ရာ အခြေခံသဘောတရား၊ လူမှုဂရုဏာလုပ်ငန်းများကို အချိန်နှင့်တပြေးညီ  ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ရှေးဦးပြုစုခြင်းအခြေခံ အသိပညာတတ်မြောက်ပြီး ကျန်းမာရေးအသိပညာဖြင့် မိမိ ပတ်ဝန်းကျင်အား စနစ်တကျ ကူညီစောင့်ရှောက်ပြုစုနိုင်စေရန်နှင့် ရပ်ရွာလူထုနှင့် လူငယ် လူရွယ်များ၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရည် ပိုမိုမြင့်မားလာအောင် ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းကို  ပြုလုပ် ပြီး ကျောင်းများတွင်အသုံးပြုရန် အရေးပေါ်ဆေးအိတ်ကြီးကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပြသပေးသွားပြီး သင်တန်းကို အမှတ်စဉ်(၄)မှ သင်တန်းတက်ရောက်သူစုစုပေါင်း (၃၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)