MNP ၊ နိုဝင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသည့် ပြည်သူများနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံရန်ကျန်ရှိနေသူများကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် အဆိုပါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း များကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံ ပေးသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ (၈၆၈၀၉) ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ(၇၆၄၉၇)ဦး၊ တတိယအကြိမ်ထိုးနှံပြီးသူ(၃၁၁၆၅)ဦး၊ စတုတ္ထအကြိမ် ထိုးနှံပြီးသူ(၁၃၉၆)ဦးအထိရှိပြီဖြစ်ကာ ဆေးထိုးရန်ကျန်ရှိနေသေးသူများကိုလည်း ခရိုင်ပြည်သူ့ဆေး ရုံကြီးတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment