ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၌၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၌၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

 


MNP - နိုဝင်ဘာ  ၂၉


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်  ကြိုဆိုပွဲကို ယမန်နေ့ နံနက်ပိုင်းက  တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်  ကျင်းပသည်။


မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကွန်ပျူတာတက္ကသိုလ်   (တောင်ငူ)   ဒုတိယပါမောက္ခချုပ်   ဒေါက်တာကြူကြူဝင်းက ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး ဌာနမှူး၊ သင်တန်းမှူး ၊ အဆောင်မှူးများက မိတ်ဆက်စကားပြောကြားသည်။


ထို့နောက်  Faculty of Computer System and Technologies (FCST) ဌာနမှူး ပါမောက္ခ ဒေါက်တာဇာလီချို၊ Faculty of Computer Science (FCS) ဌာနမှူး တွဲဖက်ပါမောက္ခ ဒေါက်တာသူဇာလှိုင်၊ Faculty Of information Science (FCS)ဌာနမှူး တွဲဖက်ပါမောက္ခ ဒေါက်တာကြည်ဇာညွှန့် ၊ Department of information Technology Supporting and Maintenance (ITSM) ဌာနမှူးပါမောက္ခ ဒေါက်တာပိုင်သွယ်စိုးတို့မှ ဘာသာရပ်အလိုက် မိတ်ဆက်ပြောကြားပြီး Credit Transfer System ဖြင့် စာသငကြားရေးစနစ်အကြောင်း ရှင်းလင်းပြောကြားသည်။


ကွန်ပျူတာတက္ကသိုလ် ( တောင်ငူ ) တွင်   ( ၂၀၂၂-၂၀၂၃ )   ပညာသင်နှစ်    သင်တန်းနှစ်   အသီးသီးတွင်   ကျောင်းသား / သူ  (  ၃၇၅)  ဦး  တက်ရောက်လျက်ရှိကြပြီး တက္ကသိုလ်၏ စီမံ/ သင်ကြားရေး ဆရာ / ဆရာမ(၄၆)ဦးမှ  သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)