မောက်မယ်မြို့နယ်၌ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ကျင်းပ

 



MNP - နိုဝင်ဘာ ၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အစဉ်အလာမပျက်နှစ်စဉ် ကျင်းပပြုလုပ်သော တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ပရိတ်တရားရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်း(၃)နာရီက သီရိမင်္ဂလာမြို့လယ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။  


ရှေးဦးစွာ ဓမ္မစကြာအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအသင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက သြကာသကန်တော့ချိုးဖြင့် မြတ်စွာဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်ကြီး(၁၁)သုတ်ပါဠိတော်ကောက်နုတ်ချက်များကို ရွတ်ဆိုပူဇော်၍ အရပ်ဆယ်မျက်နှာ မေတ္တာပို့သခဲ့ကြကြောင်း သိရသည်။


သတင်း - စိုင်းမျိုးသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)