MNP - နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ရွာသစ်ကျေးရွာ သန္တိသုခဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံတွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးက ဒေသခံပြည်သူများနှင့် လာရောက် တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အဖွဲ့ဝင်(၂) ဦးအောင်ကျော် သူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ အဖွဲ့ဝင်(၃)ဦးသိန်းဟန်က ပန်းခင်းစီမံချက်(၂) အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် စံသတ်မှတ်(SOP)ပါ အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူ(၃)ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်သည့် လျှပ်စစ်မီးရရှိရေးကဏ္ဍ (၁) ခု၊ ရေလွှဲတူးမြောင်းရရှိရေး ကဏ္ဍ (၁) ခု၊ လမ်းရရှိရေး ကဏ္ဍ(၂)ခု၊ စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် လုပ်ငန်း(၄)ခု အား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြား ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နိုင်ငံသားစိစစ်ရေးကဒ်ပြား အသစ်ပြုလုပ်သူ(၆)ဦးတို့အား ကာယကံရှင်များထံ ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူ ပြည်သူလူထု(၂၀၀)ဦးအနက် (၁၂၅)ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster) ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်ဌေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment