သီပေါမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်



MNP - နိုဝင်ဘာ  ၁၂


မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မီးသတ်ဆေးဘူး ထားရှိခြင်း ရှိ/မရှိနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်းတို့ကို ယမန်နေ့မွန်းလွှဲ (၃)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များနှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်ကျရောက်ပါက မီးသတ်ဆေးဘူးသုံးစွဲပုံ၊ သုံးစွဲနည်းများ အရောင်းဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ပြီး မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန်အတွက် ထားရှိသောမီးသတ်ဆေးဗူးများအား စနစ်တကျထားရှိခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ ပြုလုပ်ဆောင်ရွက်ခြင်းများကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)