ဆဒုံးမြို့၌ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆဒုံးမြို့၌ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ   ၇


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း၌ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင်  ကျင်းပသည်၊၊


အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ အစိန္တေယျကန်တော့ချိုးဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ပူဇော်ကန်တော့ကြပြီး ဆဒုံးမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဦးသူရိယထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော် များကို နာယူပူဇော်ခဲ့ကြသည်၊၊


ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး ဆဒုံးမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်းဆရာတော်မှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့သည်။ ယင်းနောက် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးပြီး ကြွရောက်လာကြသော တရားနာ ဧည့်ပရိတ်သတ်များကို ဘောဇဉ် အာဟာရများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်၊၊


သတင်း - ခင်မာဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)