စဉ့်ကူးမြို့နယ်တွင် အခြေခံလျှပ်စစ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် အခြေခံလျှပ်စစ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်




MNP ၊  နိုဝင်ဘာ   ၄ 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ လျှပ်စစ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်(၁ဝ)နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုး က အသက်မွေးဝမ်းကျောင်းဆိုင်ရာအခြေခံ လျှပ်စစ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ 

ဆက်လက်၍ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဆရာမှသင်တန်းသားများအား ကြိုးစားအားထုတ်၍ အမှန်တကယ်တတ်မြောက်အောင် သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါသင်တန်းဖွင့်ပွဲသို့ သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုး၊ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းသို့  ကျေးရွာ (၈ ) ရွာမှ သင်တန်းသား ၁၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၄.၁၁.၂၀၂၂)ရက်နေ့မှ (၁၈.၁၁.၂၀၂၂) ရက်နေ့ထိ (၁၅)ရက်ကြာစာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး ထံမှ သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)