မိုင်းယုမြို့၏ သမိုင်းဝင် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၏ သမိုင်းဝင် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ



MNP - နိုဝင်ဘာ   ၉


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၏ သမိုင်းဝင် အထင်ကရဖြစ်သည့် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာလ ၇ မှ ယမန်နေ့ထိ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာအနီးရှိ ဟိုခိုဘုန်းကြီးကျောင်း၌ ကျင်းပြုလုပ်ခဲ့သည်။


အဆိုပါ ဘုရားပွဲတော်ရက်အတွင်း အလှူရှင်ဥပါသကာများက စေတီတော်ကြီးနှင့် ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်များ နာယူကြခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် စုပေါင်းရေစက်သွန်းချ အမျှပေးခြင်း၊ သက်ကြီးဘိုးဘွားများ ဉပုဒ်သီလစောင့်တည်ကြခြင်းနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ဘုရားဖူးပြည်သူများက စေတီတော်ကြီးအား ဖူးမျှော်ကြည်ညိုခြင်း၊  ပွဲဈေးများ လည်ပတ်ကြခြင်းများဖြင့်  ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ယင်း ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀) ကျော်ခန့်က တည်ထားကိုးကွယ်ခဲ့သည့် မိုင်းယုမြို့၏ သမိုင်းဝင် ဘုရားတစ်ဆူဖြစ်သည်။ မြန်သက္ကရာဇ် ၁၃၇၉ ခုနှစ်တွင် မိုင်းယောင်းမြို့နယ် ကျွမ်ကျဲန့်လဆရာတော် ဦးဌိတ္တိဗညောနှင့် မိုင်းယုမြို့မရပ်ကွက်ရှိ ကျွမ်းတောင်းဆရာတော် ဦးဌိတဗညောတို့ ဦးဆောင်၍ မိုင်းယုဒေသခံ စေတနာရှင်ပြည်သူတို့မှ ပူးပေါင်းပါဝင်လျက် စေတီတော်ကြီး ရေရှည်တည်တံ့ကာ သာသနာရောင်ဝါ ထွန်းလင်းစေရေးအတွက် မူလစေတီအား မပျက်စီး စေရန် ငုံလျက် ထည့်သွင်း ဌာပနာထား၍ အသစ်မွမ်းမံ တည်ဆောက်ခဲ့ရာ ၁၃၈၀ ခုနှစ်၊ တပို့တွဲလဆန်း(၁၃)ရက်နေ့က စေတီတော်ကြီးအား အသစ်မွန်းမံ တည်ဆောက်ပြီးစီးမှု ရေစက်ချ အမျှဝေခဲ့ကြသည်။ ယင်းစေတီတော်မြတ်ကြီး၏ ယခုလက်ရှိ ဉာဏ်တော်အမြင့်မှာ ၅၃ ပေဖြစ်ပြီး ခြေတော်အချင်းမှာ (၁၁)ပေဖြစ်ကြောင်း စေတီကြီး၏ ကျောက်စာမှတ်တမ်း များအရ သိရှိရပြီး အဆိုပါ ပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့မှ လဆုတ်တစ်ရက်နေ့အထိ နှစ်စဉ်ကျင်းပလေ့ရှိကြောင်း သိရှိရသည်။


သတင်း - ကိုကိုနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)