ကချင်ပြည်နယ်ဝန်ကြီးချုပ် မဲစာရင်းကောက်ယူရာတွင် တိကျမှန်ကန်စေရေးအတွက် ပုံစံ (၆၆/၆)များအား အိမ်တိုင်ရာရောက် လိုက်လံစိစစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်‌ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မဲစာရင်းကောက်ယူရာတွင် တိကျမှန်ကန်စေရေးအတွက် ပုံစံ (၆၆/၆)များအား အိမ်တိုင်ရာရောက် လိုက်လံစိစစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်‌ရောက်



MNP - နိုဝင်ဘာ  ၁၅


ကချင်ပြည်နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများကောက်ယူရာ၌ တိကျမှန်ကန်စေရေးအတွက် ပုံစံ (၆၆/၆) များအား အိမ်တိုင်ရာရောက် စနစ်တကျ လိုက်လံစိစစ်‌နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။


ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ မဲစာရင်းများ တိကျမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်းဆိုင်ရာ အစည်းအဝေး လမ်းညွှန်ချက်များအား ရှင်းလင်းပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်း များ တိကျမှန်ကန်စေရန် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) များကို အိမ်တိုင်ရာ‌ရောက် လိုက်လံစစ်ဆေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးဆောင်ကော်မတီများက  ရပ်ကွက်/‌ကျေးရွာများ အလိုက် မြေပြင်စာရင်းများ စနစ်တကျ ကောက်ယူနိုင်ရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတ အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စာရင်းဇယားများ တိကျမှန်ကန်ရေးအတွက် အချိန်နှင့်တပြေးညီ ကောက်ယူနိုင်ရန်နှင့် သတ်မှတ်ကာလအတွင်း လွတ်လပ်ပြီး တရားမျှတသော‌ ‌ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။


ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အတွင်း အိမ်ထောင်စု စာရင်းပုံစံ (၆၆/၆) ကိုအခြေခံ၍ မဲစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဆာဗာ (Server)မှ ပြန်လည်ထုတ်ယူပြီး မြေပြင်အခြေအနေအမှန်နှင့် တိုက်ဆိုင်စစ်ဆေးကာ စစ်ဆေးပြီးသည့် ပုံစံ(၆၆/၆)လူဦးရေ စာရင်းအမှန်ကို အမျိုးသား Database Main Server သို့ ပြန်လည်ထည့်သွင်းရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ခရိုင်၊ မြို့နယ်အဆင့် တာဝန် ရှိသူများက ခရိုင်၊ မြို့နယ်များအလိုက် မဲစာရင်းများကောက်ယူ ရာတွင် တိကျမှန်ကန်ရေးအတွက် အဆင့်ဆင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား အသီးသီးရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လာမည့်‌ရွေးကောက်ပွဲတွင် ဖွဲ့စည်းထားသည့် ကော်မတီအလိုက် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်ကာ အောင်မြင်အောင် ဆောင်ရွက်သွားကြရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)