ဥတ္တရသီရိမြို့နယ်တွင် ကျောင်းမိသားစု (နဝမ)အကြိမ်မြောက် စုပေါင်းဘုံကထိန်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်တွင် ကျောင်းမိသားစု (နဝမ)အကြိမ်မြောက် စုပေါင်းဘုံကထိန်လှူဒါန်း



MNP - နိုဝင်ဘာ   ၅


ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းမိသားစု (နဝမ)အကြိမ်မြောက် စုပေါင်းဘုံကထိန်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း ပညာရတနာခမ်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မီးကွင်းတောရကျောင်း ဆရာတော် ဦးဝိဇရထံမှ ပရိတ်သတ်များကငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များ နာယူခဲ့ကြသည်။


ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုနှင့် ဆရာ၊ ဆရာမများက ကြွရောက်လာသည့် သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုများနှင့် ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရွှေတွင်းတူးမီးကွင်းတောရကျောင်း ဆရာတော် ဦးဝိစာရအရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှဝေကာ “ဗုဒ္ဓသာသန စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ပြီးမြောက်ခဲ့သည်။


ဆက်လက်၍ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း မိသားစုများက သံဃာတော်အရှင်သူ မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ယနေ့ကျောင်းမိသားစု (နဝမ)အကြိမ်မြောက် စုပေါင်းဘုံကထိန် လှူဒါန်းရာတွင် စုစုပေါင်း လှူဖွယ်ဝတ္ထုနှင့် လှူဒါန်းငွေစုစုပေါင်း (၃၇) သိန်းကျပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်စွာဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)