တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ



MNP - နိုဝင်ဘာ  ၂


 တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ကျင်းပခဲ့သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက တိုင်းဒေသကြီးအတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းများကို ပိုမိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်တိုင်းဒေသကြီး ကော်မတီဝင်များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ ဝင်များအနေဖြင့် UNCRC က သတ်မှတ်ထားသည့် ကလေးသူငယ်များအတွက်အကောင်းဆုံးအကျိုး ဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ်ခြင်းမရှိစေသောမူ၊ အသက်ရှင်သန်ရေးနှင့်ဖွံ့ဖြိုးတိုးတက်စေသောမူ၊ ကလေးသူငယ်၏ ထင်မြင်ယူဆချက်များကိုအလေးပေးစေသောမူဆိုသည့်အချက်များကို အခြေခံထားပြီး ကော်မတီဝင်များတာဝန်ယူဆောင်ရွက်နေကြသောအခန်းကဏ္ဍများတွင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့် ရှောက် ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသည့် ကလေးသူငယ်အခွင့်အရေးများရရှိရန် ဦးတည်ဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်း ပြောကြား သည်။


ထို့နောက် ဆိုင်ရာကော်မတီအတွင်းရေးမှူးက  ကော်မတီများဖွဲ့စည်းထားရှိမှုအခြေအနေ၊ တိုင်းဒေသ ကြီးအတွင်း ကလေးသူငယ်ဆိုင်ရာဆောင်ရွက်ချက်များ၊ မီခင်ဝိုင်းများအား ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေများနှင့် လိုအပ်သည်များဖြည့်စွက်ဆွေးနွေး ကာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးကညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)